eating_a

အစာစားခြင်းနှင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် စပ်လျဉ်း၍… ကျွန်ုပ်တို့၏ မူဝါဒ

eating_b

လူတို့သည် ဘာမျှမစားဘဲရှင်သန်နေထိုင်၍ မဖြစ်နိုင်ပါ။
အစာစားခြင်းဆိုသည်မှာလူတို့၏ အသက်နှင့် ကျန်းမာရေးအတွက် အရင်းအမြစ်ပင်ဖြစ်သည်။
ထို့အပြင် လူတို့စားသုံးသည့် အစားအစာတို့ အားလုံးမှာသဘာဝတရားမှရရှိသောလက်ဆောင်ပင်ဖြစ်သည်။

လူသားတို့သည် မည်ကဲ့သို့ချက်ပြုတ်ပါကအရသာရှိပြီးကျန်းမာရေးအတွက်ကောင်းမွန် မည်နည်းဆိုသည်ကိုအစားအစာအသီးသီးထံ မှ နှစ်ပေါင်းထောင်ချီကြာမြင့်စွာအချိန်ယူပြီးလေ့လာသင်ယူခဲ့ကြပါသည်။
ထို့အပြင် ယခုလက်ရှိတွင်လည်းချက်ပြုတ်ခြင်းကိုတိုက်ရိုက်ထိတွေ့နေရသောသူတို့သည် ပိုမိုအရသာရှိစွာကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စွာချက်ပြုတ်နိုင်မည့်နည်းလမ်းကိုအလုံးစုံသောအစားအစာများထံမှ ဆက်တိုက် လေ့လာသင်ယူလျက်ရှိကြပါသည်။

လူတို့သည် ကမ္ဘာပေါ်၌ရှင်သန်ရပ်တည်လျက် ရှိကြသောမရေမတွက်နိုင်အောင်များပြားသည့် သက်ရှိသတ္တဝါများထဲမှ တစ်မျိုးလည်း ဖြစ်ပါသည်။
သို့သော် လူတို့သည် မျက်လုံးဖြင့်ကြည့်ပြီးအတည်ပြုခြင်း၊ နားဖြင့် နားထောင်ပြီးအတည် ပြုခြင်း၊ တိုက်ရိုက်ထိတွေ့ကြည့်ပြီးအတည်ပြု ခြင်း၊ အနံ့များကိုအနံ့ခံကြည့်ပြီးအတည်ပြုခြင်း၊ လျှာဖြင့် အရသာခံကြည့်ပြီးအတည်ပြုခြင်းစသည်တို့လုပ်နိုင်စွမ်းရရှိထား ခြင်းကိုအသုံးချပြီးဖန်တီးမှုပြုသည်ဟုခေါ်ဆိုသောအခြားသက်ရှိများထက်သာလွန်သောပြောင်မြောက်သည့်စွမ်းရည်ကိုပိုင်ဆိုင်ထားပါ သည်။

သို့သော် ယခုအခါတွင် နယ်ပယ်အားလုံး၌ “အဆင်ပြေမှု၊ လွယ်ကူမှု၊ သက်သာမှု”ဆိုသည့် အရာများကိုကောင်းမွန်သည်ဟုသတ်မှတ် လာကြပြီးအများစုသောလူများမှာမိမိတွင် နဂိုမူလကတည်းကပါရှိပြီးဖြစ်သောစွမ်းရည်နှင့် ပါရမီတို့ကိုအသုံးမချတော့ခြင်း ဖြစ်လာလျက် ရှိပါသည်။

ပြုပြင်ဖန်တီးထားသောစားသောက်ကုန်တို့မှာသေချာပေါက်အားဖြင့် လူတို့အတွက် အချိန် ဟူသောအရာကိုလက်ဆောင်အဖြစ် ယူဆောင်လာပေးခဲ့ပါသည်။
သို့သော် “အဆင်ပြေမှု၊ လွယ်ကူမှု၊ သက်သာ မှု”ဖြစ်လာသလောက် လူတို့နဂိုမူလကတည်း က ပိုင်ဆိုင်ထားသောသက်ရှိသတ္တဝါအနေနှင့် ဖြစ်သည့် စွမ်းရည်တို့မှာတဖြည်းဖြည်းယုတ်လျော့သွား နေပါသည်။

ဤကဲ့သို့သောခေတ်ဖြစ်သည့်အတွက် “အစားအစာ”၊ “အသက်နှင့်ကျန်းမာရေး” နှင့် “မှန် ကန်သောချက်ပြုတ်မှု” တို့၏ဖြစ်တည်ပုံကိုဆက်တိုက် စဉ်းစားပြီးယင်းတို့အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် မီးဖိုချောင်သုံးပစ္စည်းများမှာဘာဖြစ်နိုင်မည်နည်းဆိုသည်ကို ကျွန်ုပ် တို့ အစဉ်အမြဲစဉ်းစားလျက်ရှိပါသည်။

မွေးဖွားကြီးပြင်းခဲ့သည့် “နိုင်ငံ၊ ဒေသ၊ အိမ်ထောင်စု” တို့မှာလူပေါ်လိုက်ပြီးအားလုံးကွဲပြားသည့် အတွက် အရသာရှိသည်ဟုလူတို့ယူဆကြသော “ဟင်းလျာ၊ အရသာ”တို့သည်လည်းလူတစ်ဦးချင်းတစ်ယောက်ချင်းကိုလိုက်ပြီးကွဲပြားပါသည်။

အရသာတစ်မျိုးတည်းကိုသာလူများစွာတို့ ရင်းနှီးကျွမ်းဝင်နေခြင်းမှာဟင်းလျာ၏ အခြေခံစံနှုန်းမဟုတ်နိုင်ပါ။ အိမ်ထောင်စုအရေအတွက်ရှိသလောက် ဟင်းလျာများ၏ အမျိုးအစားနှင့်ပုံစံတို့ရှိသည့်အပြင် လူဦးရေရှိသလောက် စိတ်ကြိုက်အရသာများလည်းရှိပါသည်။ ဤသည်မှာဖြစ်လေ့ဖြစ်ထရှိသည့် ပုံစံပင်မဟုတ်ပါလော။

သာမန်အားဖြင့် အဆိုပါကိစ္စမျိုးမှာအိမ်ထောင် စုတိုင်းတွင် လက်တွေ့အကောင်အထည်ပေါ်နိုင်သည် ဆိုသည့်အဖြစ်ကိုအလေးထားဆောင်ရွက်သွားရန် ကျွန်ုပ်တို့ စဉ်းစားလျက်ရှိပါသည်။ ထို့အပြင် ယင်းအဖြစ်များအတွက် “မီးဖိုချောင်သုံးပစ္စည်းများ”ဆက်တိုက်ထုတ်လုပ်သွားမည်ဟုဆုံးဖြတ်ထားပါသည်။